ညောင်ဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများလဲပြိုကျပြီး၊ ကားလမ်းများ ပိတ်လဲကျနေခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ အမြန်ရှင်းလင်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်တို့တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်ကစတင်၍ လေပြင်းတိုက်ခတ်မှုကြောင့် ထနောင်း ပင်ကြီးများလဲကျကာ ကားလမ်းများပိတ်ဆို့လဲကျနေခြင်း၊ လူနေအိမ်ပေါ်သို့ လဲကျပိနေခြင်းများကြောင့် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီရေးအသင်းများ ရှင်းလင်းခဲ့ကြောင်း သိရသည်။