တာမွေမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ ရှစ်သောင်းသုံးထောင်ကျော်ထိရှိ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာထားရာ တာမွေမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ ရှစ်သောင်းသုံးထောင်ကျော်အထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။