သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းကပ်ထားခြင်းများအား လိုက်လံကြည့်ရှု့စစ်ဆေး

သင်္ဃန်းကျွန်း အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (/)ရပ်ကွက်၊ (/က)ရပ်ကွက်(/က)ရပ်ကွက်၊ ဘဝမြင့်ရပ်ကွက်၊ (/)ရပ်ကွက်၊ ဇဝနရပ်ကွက်နှင့် ကျိုက္ကဆံအနောက်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးများသို့ ယမန်နေ့ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်လျှပ်စစ်မန်​နေဂျာဦးထွန်းမင်းစိုးနှင့် သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းကလိုက်လံကြည့်ရှု့ စစ်ဆေးခဲ့သည်။

မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးထွန်းမင်းစိုးက သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အား ရပ်ကွက်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း၊ မဲရုံအရေအတွက်တို့အား မေးမြန်းစစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းကပ်ထားမှု အခြေအနေ၊ မဲဆန္ဒရှင်များ လာရောက်ကြည့်ရှု့မှုမဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း အချက်အလက်များ မှားယွင်းနေလျင် ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း လျှောက်ထားနိုင်ကြောင်းနှင့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးနိုင်ကြောင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)