ဒဂုံတောင် အောက်တိုဘာ ၃
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ရပ်ကွက်များအလိုက် ပထမအကြိမ်ကပ်ထားကြေညာခြင်းကို အောက်တိုဘာ ၃ ရက်နေ့နံနက် ၇ နာရီ အချိန်မှစတင်ကာ ဆက်လက်ကပ်ထားကြေညာထားကြောင်း သိရသည်။
ထိုသို့ကပ်ထားကြေညာရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရပ်ကွက်ပေါင်း ၄၁ ရပ်ကွက်ရှိပြီး ရပ်ကွက်များအတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဲစာရင်းများ ကပ်ထားကြေညာထားခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်လိုသည့် အချက်အလက်များကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်တွင် ပုံစံများတောင်းခံ၍ ဖြည့်သွင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
အဆိုပါ မဲစာရင်းများကပ်ထားကြေညာရာ ရပ်ကွက်ရုံးများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင် ရွက်ပေးကြောင်း သိရသည်။
သန်းသန်းအေး (ပြန်/ဆက်)