မင်္ဂလာဒုံ အောက်တိုဘာ ၃
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ စက်တင်ဘာ ၃၀ ရက်မှ စတင်၍ ကပ်ထားကြေညာခဲ့ရာ ယနေ့တွင်လည်း ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည် ပါ/မပါ ကြည့်ရှုပြီး မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ (၄) ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေလျှင် ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း လျှောက်ထားနိုင်ကြောင်းနှင့် အဆိုပါသတ်မှတ်ပုံစံများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အခမဲ့ ထုတ်ယူနိုင်သည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက် (၂၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅) အုပ်စုရှိ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အဆိုပါ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် (၁၄) ရက်ကြာ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသိန်းထွန်း