ရှမ်းပြည်နယ်

ပင်းတယမြို့နယ်၊ ကျေးတွင်းကုန်းကျေးရွာ၌ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းလုပ်ငန်းများနှင့် ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ကျေးတွင်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်း‎သပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

‎ပင်းတယမြို့၌ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကျင်းပပြုလုပ်နိုင်ရေး(ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community ‎Centre ခန်းမတွင် အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပင်းတယမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း‎(ကြိုသက်)တွင် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”‎ကျင်းပပြုလုပ်နိုင်ရေးအတွက် (ဒုတိယ) အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

တာချီလိတ်မြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၉) ဖွင့်လှစ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကထိန်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်၉နာရီက မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကထိန်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအထွက်နှုန်းမှန်ကန်စေရေး အတွက် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက တာလေမြို့၊ နားယောင်း ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲကို အောက်တိုဘာ ၂၇ ရက်က ခေမာရဌ်ရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

နောင်ချိုမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များ(MVEM)installation ပြုလုပ်ခြင်း အသိပညာပေးမျှဝေခြင်းသင်တန်းပို့ချ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်များ (MVEM)installationပြုလုပ်ခြင်း အသိပညာပေးမျှဝေခြင်းသင်တန်းကို နောင်ချို မြို့နယ်ခန်းမ၌ အောက်တိုဘာ၂၆ရက်နံနက်(၉း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။  

ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမှာ ၈ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

တာချီလိတ်မြို့၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မူကော်မတီ လုပ်ငန်းညှိနိူင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မူကော်မတီ၏ လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)သင်တန်းဖွင့်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲကို အောက်တို ၂၇ ရက်က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်