နောင်တရား ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးရေးကွင်း၌ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် စန္တားခမ်းရုမ်းဖလား ဘောလုံးပြိုင်ပွဲရှုံးထွက်ပွဲစဉ်ကို ယနေ့တွင် ကျင်းပသည်။
ရှုံးထွက်ပွဲစဉ်အဖြစ် ယနေ့နံနက် ၉ နာရီတွင် ထီတလီးနှင့် ထီတလီ Fc အသင်းယှဉ်ပြိုင်ရာတွင် ထီတလီးအသင်းက (၂-၀)ဖြစ်လည်းကောင်း၊ နံနက် ၁၁ နာရီတွင် အွိုင်ထီဗွာထင်နှင့် အောင်ခမ်းကျော် အသင်းယှဉ်ပြိုင်ရာတွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့် အောင်ခမ်းကျော်အသင်းကလည်းကောင်း၊ မွန်းလွဲ ၁၃ နာရီတွင် အွိုင်ထီဖေါင်းကနှင့် အောင်ချမ်းသာ အသင်းယှဉ်ပြိုင်ရာတွင် အွိုင်ထီဖေါင်းကအသင်းက(၃-၀)ဖြစ်လည်းကောင်း၊ မွန်းလွဲ ၁၅ နာရီတွင် နောင်တရားအသင်းနှင့် စုထွာခမ်းအသင်းယှဉ်ပြိုင်ရာတွင် နောင်တရားအသင်းက (၁-၀)ဖြစ်လည်းကောင်း အနိုင်ရရှိခဲ့သည်။
အနိုင်ရရှိသည့် အသင်းများက ဇန်နဝါရီလ ၂၈ ရက်နေ့ ထပ်မံယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို မက်လ ၂ ရက်နေ့ မွန်းလွဲ ၁၄ နာရီတွင် ယှဉ်ပြိုင်ကစားသွားဖြစ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)