ညောင်ရွှေ မတ် ၁၈
ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ ပြောင်းလဲကျင့်သုံးနိုင်ရေးခေါင်းစဉ်ဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီက ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ညောင်ရွှေမြို့နယ် ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်မြင့်က ကျန်းမာရေးဌာနအကြောင်း သိကောင်းစရာများ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဆောင်ရွက်နေပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ ပြောင်းလဲကျင့်သုံးနေထိုင်ရေး အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ၎င်းကပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ