မူဆယ် မတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မတ်လ(၁၇)ရက် ညနေ(၄)နာရီက ပြုလုပ်သည်။
မြို့နယ်အားကစားကွင်း၌ နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သည့် အခြေခံဘောလုံးသင်တန်း၊ အေရိုးဗစ်သင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ ပိုက်ကျော်ခြင်းသင်တန်းများကို မြို့နယ်အားကစားမှူး ဦးမြင့်ထွေးက ဦးဆောင်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း တက်ရောက်၍ သင်တန်းဆင်းလက်မှတ်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို သင်တန်းသား/သူများအား ပေးအပ်ချီးမြှင့်သည်။ ကျောင်းသား/သူများ နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် လူငယ်ဆိုင်ရာ အားကစားကဏ္ဍများ တိုးတက်လာစေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)