ပင်လောင်း မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက စာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၆)ခုတွင် ဖြေဆိုသူစာရင်း ၁၃၅၃ ဦးရှိရာ အ.ထ.က (၁)တွင် ဖြေဆိုစာရင်းရှိ (၃၂၆)ဦး ဖြေဆို (၃၁၆)ဦး ပျက်ကွက် (၁၀)ဦး၊ အ.ထ.က (၂) ဖြေဆိုသူစာရင်းရှိ (၂၀၂)ဦး၊ ဖြေဆို (၂၀၀)ဦး၊ ပျက်ကွက် (၂)ဦး၊ အ.ထ.က နောင်တရား ဖြေဆိုသူစာရင်းရှိ (၃၆၇) ဦး၊ ဖြေဆို (၃၅၃) ဦး ပျက်ကွက် (၁၄) ဦး၊ အ.ထ.က တီကျစ် ဖြေဆိုသူစာရင်းရှိ (၁၈၄)ဦး၊ ဖြေဆို (၁၇၉) ဦး၊ ပျက်ကွက် (၅) ဦး၊ အ.ထ.က ပင်ခွန် ဖြေဆိုသူစာရင်းရှိ (၁၃၇) ဦး၊ ဖြေဆို (၁၃၀) ဦး၊ ပျက်ကွက် (၇)ဦး၊ အ.ထ.က တင်းထက် ဖြေဆိုသူစာရင်းရှိ (၁၃၇)ဦး ဖြေဆိုသူ (၁၃၄)ဦး၊ ပျက်ကွက် (၃) ဦးရှိကြောင်း၊ စာစစ်ဌာန (၆) ခုတွင် ဖြေဆိုသူစုစုပေါင်း (၁၃၁၂) ဦး၊ ပျက်ကွက် (၄၁) ဦး၊ ဖြေဆိုသူ (၉၆.၉၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာဖြေဆိုနိုင်ရေး အပြင်စည်းလုံခြုံရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)