ရပ်စောက်၌ စံ (၅) ရပ်နှင့်အညီဖြစ်စေရန် ရတနာပုံ (အနောက်) ကျေးရွာစာကြည့်တိုက်အား ပြန်လည်ဖွင့်လှစ်

ရပ်စောက် မတ် ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ရတနာပုံ (အနောက်) ကျေးရွာတွင် “ရတနာအလင်း” စာကြည့်တိုက်အား စံ(၅) ရပ်နှင့်အညီဖြစ်စေရန် ပြန်လည်ဖွင့်လှစ်ခြင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ “ရတနာအလင်း” စာကြည့်တိုက်အား စံ(၅) ရပ်နှင့်အညီ ရှင်သန်ခိုင်မာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီးနောက်  စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် စံ (၅) ရပ်အား သိရှိနားလည်ရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရအောင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်စေရန်၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုလျော့နည်းစေရေးအတွက် စနစ်တကျထိန်းသိမ်းရန်၊ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အစဉ်မပြတ်ဆောင်ရွက်နိုင်စေရေးအတွက် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်သွားကြစေလို ကြောင်းပြောကြားပြီးနောက် ကျေးရွာမှ ရပ်မိ၊ ရပ်ဖများက စာကြည့်တိုက်အတွက် ငွေကျပ် (၂၀၀၀၀၀) အားလှူဒါန်း‌ခဲ့ပြီး စာကြည့်တိုက် ကော်မတီဝင်တစ်ဦးလက်ခံရရှိကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့‌ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာသူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ ဆက်)