ကျေးသီး မတ် ၂၁
၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကျေးသီး) နှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းနောင်) စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများက မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုကြကြောင်း သိရသည်။
ဦးစွာ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။
ပဉ္စမနေ့ရက် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျေးသီးမြို့နယ်၌ အ.ထ.က (ကျေးသီး) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၆) ဦးတွင် ဖြေဆိုသူ (၄၄) ဦး၊ ရာခိုင်နှုန်း အနေဖြင့် (၉၅.၇) ရာခိုင်နှုန်း၊ အ.ထ.က (မိုင်းနောင်) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၆) ဦး၊ ဖြေဆိုသူ (၃၅) ဦး၊ ရာခိုင်နှုန်းအနေဖြင့် (၉၇.၂) ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် မြို့နယ်ချုပ်စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၈၂) ဦး၊ ဖြေဆိုသူ (၇၉) ဦး၊ ပျက်ကွက်သူ (၃) ဦး၊ ရာခိုင်နှုန်းအနေဖြင့် (၉၆.၃) ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
နန်းဗွေခမ်း