ကျိုင်းတုံ မတ် ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေါ်ခုတ်ကွက်သစ်၊ မြို့ပတ်လမ်းကျောက်ချောလမ်းသစ်ဖွင့်ပွဲကို မတ် ၂၁ ရက်က အဆိုပါလမ်းတွင် ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က အမှာစကားပြောကြားပြီး နောင်တုံဆောက်လုပ်ရေးကုမ္ပဏီ၊ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းတင့်အောင်က ဝေါ်ခုတ်ကွက်သစ်တွင် အရှည် ၄၆၃၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ မြို့ပတ်လမ်းကျောက်ချောလမ်းသစ် ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့မိ/မြို့ဖ ဦးသိန်းထိုက်က လမ်းသစ်ရရှိခြင်းအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြို့ပတ်လမ်းကျောက်ချောလမ်းသစ်ကို တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောက်ချောလမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)