ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေး

ခိုလမ် မတ် ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိ​သည်။

အဆိုပါအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေးနှင့် ဝန်ထမ်းများမှ မတ်လ (၂၁) ရက်မှ (၃၁) ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီထိ အငြိမ်းစားဝန်ထမ်း (၁၀၀) ဦးခန့်တို့၏ ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)