လွိုင်လင် မတ် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/သူလေးများအား နွေရာသီအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိအောင် အသုံးချတတ်စေရန်နှင့် ယဥ်ကျေးလိမ္မာစွာပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ပို့ချပေးခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက သင်တန်းဆင်းပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီးနောက် သင်တန်းတွင်သင်ကြားပြသပေးပါသော ဆရာ/မများအားအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကာ ဆုရရှိသော ကျောင်းသား/သူလေးများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းအား မတ်လ ၁၁ ရက်နေ့မှစတင်ကာ နည်းပြဆရာ/ဆရာမ (၄) ဦးဖြင့် သင်ကြားပို့ချပေးခဲ့ကာ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၁၀၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)