လဲချား မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား မိဘပင်စင်စားများအား ပင်စင်လစာများကို ယနေ့ နံနက်(၈) နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိဘပင်စင်စားများအား လစဥ်ပုံမှန် (၂၁) ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိဝန်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားပြီးအချိန် ကြန့်ကြာမှုမရှိစေရေးနှင့် အဆင်ပြေပြေထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ထားရှိကြောင်း ဘဏ်မန်နေဂျာ ဒေါ်ခင်မျိုးဦးထံမှ သိရသည်။
လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားများအား ပင်စင်ထုတ်ရက်တွင်လည်း မိဘပြည်သူများ၏ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)