ရှမ်းပြည်နယ်

ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော်ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော်ကို ယမန်နေ့က အမေ့ရင်ခွင်တော်တွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဟိုပုံးမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကျင်းပ

မြန်မာသက္ကရာဇ်အရ နှစ်သစ်တစ်နှစ်ဆီသို့ ကူးပြောင်းရောက်ရှိသည့် နှစ်သစ်ဆန်းစ နှစ်ဆန်း ၁ ရက် အခါသမယသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အစဉ်အလာရိုးရာဓလေ့အားဖြင့် စီးပွားဥစ္စာရှာ ဖွေခြင်းမပြုဘဲ နှစ်သစ်ကို ကုသိုလ်ကောင်းမှုတို့ဖြင့်အစပြု၍ မင်္ဂလာရှိစွာ စတင်ကြခြင်း နှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာဗိမာန်၌ ကျင်းပသည်။

နမ့်စန်တွင် (၈၅)နှစ်အထက် မြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၂)ကြိမ် မြောက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို နှစ်ဆန်း တစ်ရက် နေ့ ယနေ့ နေ့လယ် ၁နာရီက မြို့လယ်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

မက်မန်းမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့်သက်ကြီး ဘိုးဘွားများပူဇော်ကန်တော့ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့်သက်ကြီး ဘိုးဘွားများ ပူဇော်ကန်တော့ခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ နံနက် ၆ နာရီအချိန်တွင် အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စု အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး အေးသင်္ကြန် ဆက်လက်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်)အဖြစ် ယနေ့နံနက်ပိုင်းမှစ၍ ဆက်လက်ကျင်းပရာ ပြည်သူများက မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ပါဝင်ဆင်နွှဲကြသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ကျွမ်းကျင်ပညာရှင်များနှင့်အလုပ်သမားများမှ အချိန်မီပြီးစီးရေးဆောင်ရွက်လျက်ရှိ

မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော်အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ အေးချမ်းသာယာသည့် အေးသင်္ကြန် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်ကို အေးချမ်းတည်ငြိမ်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းစွာ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းသူများက  အေးချမ်းစွာဆင်နွဲကြသည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စုရှိ နေအိမ်များ ပြန်လည်ထူထောင်ရေး ဆွေးနွေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စုရှိ နေအိမ်များ ပြန်လည်ထူထောင်ရေးအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ကေလာကျေးရွာရှိ ငလျင်ဘေးဒဏ် ရှေ့တန်းကွပ်ကဲမှုရုံး၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်