ရှမ်းပြည်နယ်

မိုင်းယောင်းမြို့၌ မေတ္တာပို့ဆုတောင်းပွဲနှင့် ရှေး‌‌ဟောင်းဘုရား မြို့တွင်းလှည့်လည်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကပ်ဘေးအပေါင်းမှ ကင်းဝေးစေရန် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးနှင့် စပ်လျဉ်း၍ မေတ္တာပို့ဆုတောင်းပွဲနှင့် ဟိုခုံပရိယတ္တိစာသင်တိုက်ရှိ ရှေး‌‌ဟောင်းဘုရား(ဖကျောက်တစ်) နှစ်ဆူအား မြို့တွင်းလှည့်လည်ပူဇော်ပြီး ဘုရားရေသပ္ပာယ်ခြင်း အခမ်းအနားကို သင်္ကြန်အကျနေ့က ကျင်းပသည်။

ဘုရားဖူးဧည့်သည်များ ပုံမှန်ပြန်လည်လာရောက်ဖူးမြော်နိုင်ရေး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မတ်လ(၂၈)ရက် နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင်အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အင်းလေးဒေသအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

အင်အားပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိကျေးရွာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်လည်ထူထောင်နိုင်ရေးလုပ်ငန်းများကို ယမန်နေ့တွင် ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

တန့်ယန်းမြို့နယ်တွင် တန်ခူးလပြည့်နေ့ အောင်တော်မူစေတီတော်မြတ်ကြီး၌ ဘုရားအနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် တန်ခူးလပြည့်နေ့ နေမိန္ဓရ ကုန်းတော်ပေါ်၌တည်ထားသော အောင်တော်မူစေတီတော်၏ ပထမအကြိမ်မြောက် ဘုရားအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်တော်မူ စေတီတော်ကြီး၌ ကျင်းပခဲ့သည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိ

မတ်လ(၂၈)ရက်နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အင်းလေးဒေသအတွင်း မန္တလေးငလျင်ကြီး ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မတ်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ် ပြင်းထန်စွာ ခံစားခဲ့ရပြီး ပြိုကျပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ နေအိမ်များနှင့် ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ဧပြီ(၁၂)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ နောင်ကန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ကိုယ်ထူကိုယ်ထကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားနှင့် မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ကိုယ်ထူကိုယ်ထကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ရုံးသစ်ဖွင့်ပွဲအခမ်းအနားနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေများပေးအပ်ခြင်း၊ အလှူငွေများထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၀၉:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများအတွက် အနယ်အနယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင် သဒ္ဓါတတ်အားသ၍ ထည့်ဝင်လှူဒါန်းလျက်ရှိ

မတ်လ(၂၈)ရက် နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်း တော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

မိုးနဲမြို့နယ်၌ မြေပဲစိုက်တောင်သူ၊ ပွဲရုံနှင့် ဆီစက်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်တမ်းကောက်ယူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ်၍ မြေပဲစိုက်ပျိုးသူတောင်သူများ၊ ပွဲရုံများနှင့် ဆီစက်များအား ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းကို မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၈) နာရီက မြို့မစျေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်