မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး အေးသင်္ကြန် ဆက်လက်ကျင်းပ

မိုင်းယောင်း ဧပြီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်)အဖြစ် ယနေ့နံနက်ပိုင်းမှစ၍ ဆက်လက်ကျင်းပရာ ပြည်သူများက မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ပါဝင်ဆင်နွှဲကြသည်။

ဗောဓိရွှေညောင်ပင်၊ ဓာတ်လုံစေတီတော်နှင့် မြို့နယ်အတွင်းရှိ တန်ခိုးကြီး ဘုရားစေတီပုထိုးများ၊ ရပ်ကွက်/ကျေးရွာများရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက သဲပုံစေတီ ပူဇော်လှူဒါန်းခြင်း၊ ညောင်ကိုင်းထောက်လှူဒါန်းခြင်း၊ ရေသပ္ပာယ်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ကုသိုလ်ဒါနဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားစခန်းဝင်ခြင်း၊ အာရုဏ်ဆွမ်း/နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို စိတ်အေးချမ်းစွာ ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)