ရှမ်းပြည်နယ်

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ တပ်နယ်မှ အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား(၄၂)ဦးအား သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သို့ တက်ရောက်အားပေးစကားပြောကြား

ကျောင်းသားလူငယ်များ လေကြောင်းဆိုင်ရာပညာရပ်များတွင် စိတ်ပါဝင်စားစေပြီး အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရေး၊ စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စွာနှင့် စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများရရှိစေရေး၊ လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ပါဝင်စားမှုပိုမိုတိုးပွားလာစေပြီး အနာဂတ်ကာလတွင် နိုင်ငံတော်အတွက် စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမတွင် ကျင်းပသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ကျွမ်းကျင်ပညာရှင်များနှင့် အလုပ်သမားများမှ အချိန်မီပြီးစီးရေးဆောင်ရွက်လျက်ရှိ

မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှ ဘုရားကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့သည်။   

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသကေလာကျေးရွာအုပ်စုအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသကေလာကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ယမန်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလောမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့တွင် ၁၃၈၇ ခု၊ နှစ်သစ်ကူးအခါသမယမှာ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမကျင်းပပြုလုပ်ရာ ကန်တော့ခံအဘိုး၊ အဘွားများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အင်းလေးဒေသအတွင်းငလျင်‌ ဘေးဒဏ်သင့် ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများပေးအပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အင်းလေးဒေသ နန်းသဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများသို့ အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်၊ အိုင်ထောင့်ကြီးကျေးရွာရှိ ငလျင်ဘေးဒဏ်ရှေ့တန်းကွပ်ကဲမှုရုံး၌ ကျင်းပသည်။

ကွန်ဟိန်းမြို့၌သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာရှိသည့် နှစ်သစ်ကူးပြောင်းသည့် ရက်မြတ်အခါတွင် မြန်မာ့ထုံးတမ်းအစဥ် အလာမပျက်သက်ကြီးဝါကြီး အဘိုးအဘွားပူဇော် ကန်တော့ခြင်းကို ယနေ့ နံနက် (၉)နာရီက ကွန်ဟိန်းမြို့၊ အမှတ်(၅ )ရပ်ကွက်၊ သဘာဝဘိုးဘွားရိပ်သာ ၌ ကျင်းပခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံစေတော်၌ ဆီမီးကိုးထောင်ထွန်းညှိပူဇော်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်ကြီး၌ ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ညတွင် ဆီမီးကိုးထောင်ကပ်လှူပူဇော်ခြင်းဖြင့် ဘုရားဖူးလာရောက်သူများနှင့် အထူးစည်ကားများပြားလျက်ရှိသည်။

တာချီလိတ်မြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မြို့ပေါ် ၁၁ ရပ်ကွက်နှင့် ကျေးရွာများတွင် ရှေးရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲများကို ကျင်းပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မယ်ဟုတ်ချောင်းနှင့် အောင်မြတ်ခန်းမတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ဘတ္ထရီဆိုင်ကယ်ကို အားသွင်းခဲ့ရာမှ အပူလွန်ကဲ၍လူ​နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ် (အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်က စျေးတန်းရပ်ကွက်တွင် ဘတ္ထရီဆိုင်ကယ်အား လူမရှိဘဲအားသွင်းခဲ့ရာမှ အပူလွန်ကဲ၍ လျှပ်စစ်ဝါယာ​ရှော့ဖြစ်ပြီး လူ​နေအိမ်တစ်လုံးမီး​လောင်မှုဖြစ်ပွားခဲ့​​ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်