ရှမ်းပြည်နယ်

ကျိုင်းတုံမြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကျိုင်းတုံ) ၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

မိုင်းယောင်းမြို့၌ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်လုံခြုံရေးအဖွဲ့တို့ ပါဝင်သော မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယမန်နေ့ညနေပိုင်းက ဝမ်ဘိုးကျေးရွာအုပ်စု၊ နားဖန်းကျေးရွာတွင် ကွင်းဆင်းဆောင်ခဲ့ကြောင်း သိရသည်။

ဈေးကွက်အခွင့်အလမ်းများကောင်းလာသောကြောင့် ပင်မှည့်သီးပင်များ တိုးချဲ့စိုက်ပျိုးလာ

စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် ရွာငံမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ ရာသီပေါ်နှစ်တိုသီးနှံများ စိုက်ပျိုးကြသလို နှစ်ရှည်သီးနှံပင်များကိုလည်း တိုးချဲ့စိုက်ပျိုးလာကြသည်။ နှစ်တိုသီးနှံများတွင် ရာသီအလိုက်စိုက်ပျိုးကြသည့်  စပါး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲမျိုးစုံ၊ မီးဖိုချောင်စားသောက်ကုန်အမျိုးမျိုး စိုက်ပျိုးကြသည်။ စိုက်ပျိုးရေးနည်းပညာများ ဆန်းသစ်လာသည်နှင့်အမျှ ဝင်ငွေကောင်းမည့် မျိုးကောင်းမျိုးသန့်သီးနှံပင်များကို စမ်းသက်စိုက်ပျိုးလာကြရာ ယခုအခါတွင် ထိုင်ဝမ်ပင်မှည့်သီးပင်များကို တိုးချဲ့စိုက်ပျိုးလာကြသည်။ ရွာငံမြို့နယ်တွင် ပင်မှည့်သီးပင်များကို ယခင်ကဒေသမျိုးရင်းဖြစ်သော အဝါသေး၊ အညိုသေး မျိုးများကိုစိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်းတွင် ဈေးကွက်အခွင့်အလမ်းများကောင်းလာ‌သော ထိုင်ဝမ်အညိုအကြီး ပင်မှည့်သီးပင်များ တိုးချဲ့စိုက်ပျိုးလာကြသည်။ အပင်များသည်နွယ်ပင် အမျိုးအနွယ်များဖြစ်သောကြောင့် စင်ခံစနစ်ဖြင့် ပင်ခြား၊ တန်းခြား(၉)ပေ ပတ်လည်စိုက်ပျိုးကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို မေ ၁၀ ရက်နေ့က ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မေလ(၁၁)ရက်၊ ညနေ့(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ရှမ်းပြည်နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ၌ ညောင်ရေသွန်းလောင်းပွဲတော်များ ကျင်းပ

မြန်မာသက္ကရာဇ်၁၃၈၆ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ရှမ်းပြည်နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီများ၌ ညောင်ရေသွန်းလောင်းပူဇော်သည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ဒေသဖွံ့​ဖြိုး​တိုးတက်ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူး​ပေါင်းသည့်အဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီက စစ်​ကြောင်းကြီး(၅)​ကြောင်းဖြင့် အသိပညာ​ပေး​ဟော​ပြောပွဲကို နမ့်လောက်ကျေးရွာရှိ ဘုန်းကြီး​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို ယမန်နေ့က (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၌ ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်