ရှမ်းပြည်နယ်

ပင်းတယမြို့နယ်၊ ကျုံးကျေးရွာတွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအချိန်တွင် ကျုံးကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခိုလမ်မြို့အတွင်းရှိ အခြေခံပညာ‌‌ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှစတင်၍ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိသည်။

တုံတာမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လင်းခေးမြို့၌ ၂၀၂၅-၂၀၂၆ပညာ သင်နှစ်ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတို့သည် ပညာရေးဝန်ကြီးဌာန၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့သီတင်းပတ် အစီအစဥ်ကို  ယနေ့နံနက် ၈ နာရီက လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၌    စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စာပြန်ဖြေပွဲတော်ကြီး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စာပြန်ဖြေပွဲတော်ကြီးအား ယနေ့နံနက် ၇ နာရီက မြို့နယ်ဓမ္မာရုံ၌ စတင်ကျင်းပခဲ့သည်။

မိုင်းယောင်း၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးလက်ဆေးပေးခန်းတို့တွင် ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆီဆိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်နှံမှု စတင်လက်ခံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုစတင်လက်ခံလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်