မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။