မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းခုတ် မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးလက်ဆေးပေးခန်းတို့တွင် ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောကာကွယ်နှိမ်နှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများနှင့်ကျောင်းပတ်ဝန်းကျင်တွင် ခြင်များမခိုအောင်းနိုင်‌စေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်စသည့် လုပ်ငန်းများဆောင်ရွက်ခြင်း ပိုးလောက်လမ်းသေဆေး(အဘိတ်ဆေး)ခတ်ခြင်း၊ ကျောင်းပတ်ဝန်းကျင်ရှိ သစ်ပင်ချုံနွယ်များရှင်းလင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဦးစီးဌာနခွဲမှ သားဖွား‌ဆရာမ ဒေါ်နှင်းယုယုနိုင်ဦးဆောင်၍ သက်ဆိုင်ရာကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့် ဆရာ/ဆရာမများ၊ ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်လွင်ဌေး(ပြန်/ဆက်)