ပင်လုံမြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ပင်လုံ မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှစတင်၍ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိသည်။

အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းလာရောက်အပ်နှံကြသည့် KG တန်းမှ Grade-12 တန်းအထိ ကျောင်းသား၊ ကျောင်းသူများအား အတန်းအလိုက် ဆရာ၊ ဆရာမများက ပညာရေးဝန်ကြီးဌာနမှပေးအပ်သည့် ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)