ပင်းတယမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ပင်းတယ မေ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ပင်းတယမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်ရှိ ဆရာ/ဆရာမများအား သင်ရိုးသစ် မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး လာမည့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်၍ မေလ ၂၂ ရက်မှစ၍ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ပင်းတယမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၁)ကျောင်း၊ မူလွန်ကျောင်း (၉) ကျောင်း၊ မူလတန်းကျောင်း (၇၆)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၁၂၀) ရှိကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)