ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စာပြန်ဖြေပွဲတော်ကြီး ကျင်းပ

ပင်းတယ မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စာပြန်ဖြေပွဲတော်ကြီးအား ယနေ့နံနက် ၇ နာရီက မြို့နယ်ဓမ္မာရုံ၌ စတင်ကျင်းပခဲ့သည်။

၁၃၈၇ ခုနှစ်၊ ပင်းတယမြို့နယ်လုံးဆိုင်ရာ သာသနဟိတပရိယတ္တိ စာပြန်ဖြေပွဲတော်ကြီးအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင်စံန္ဒောဘာသနှင့် ဆရာတော်များကကြီးမှုး၍ ဆရာတော်အရှင်သူမြတ်များနှင့် စာဖြေစာပြန်သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာဂထမင်းကျွေးခြင်းနှင့် ဝေယျာဝစ္စကိစ္စများကို နေ့စဉ်တာဝန်ကျ ရပ်ကွက်များမှ အလှည့်ကျဖြင့် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် စတင်ကျင်းပသည့် (၇၁/၆၉)ကြိမ်မြောက် စာပြန်/ဖြေပွဲတော်ကြီးတွင် မူလ(က)၊ မူလ(ခ)၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္ဓမအတန်းလိုက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စာပြန်သံဃာတော် ၂၉၈ ပါးနှင့် စာဖြေသံဃာတော် ၃၁၃ ပါး၊ စုစုပေါင်းသံဃာတော် ၆၁၁ ပါးရှိကြောင်း၊ မြို့နယ်လုံးဆိုင်ရာ စာပြန်ဖြေပွဲတော်ကြီးအား မေလ ၂၂ ရက်နေ့မှ မေလ ၂၅ ရက်အထိ ၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အောင်လက်မှတ်ပေးအပ်သည့် ဆုနှင်းသဘင်အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်(ကဆုန်လကွယ်)နေ့တွင် အဆိုပါမြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)