ခိုလမ် မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့အညီ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံခြင်း လုပ်ငန်းများကို သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်များ ၊ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံနှင့် ဘောပင်များ စသည်တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။
အဆိုပါ ကျောင်းအပ်နှံခြင်းသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများ၊ ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရန် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)