တာချီလိတ်မြို့၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယတန်း၊ အစိုးရပါဠိ ပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့လက်မှတ်၊ အောင်လက်မှတ်နှင့် စာအောင် ဆုတော်ငွေများ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။