ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဒုဥက္ကဋ္ဌ ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ဇွန်လ (၁၃) ရက်နေ့နံနက် ၈ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေ တော်ဘုရားကြီးသို့ ရောက်ရှိ၍ ဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမြတ်၊ အဖွဲ့ဝင်များနှင့်အတူ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအား ပန်း၊ ရေချမ်းနှင့် ဆီးမီးတို့ကို ကပ်လှူပူဇော်ကြသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေများပေး အပ်ရာ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြသည်။