တန့်ယန်း ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၀)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာသင်ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတွင် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်နှင့် သံဃာများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်နှင့် တာဝန်ခံများ၊ မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်နှင့် ရုံးဝန်ထမ်းများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ပညာသင်စရိတ်ထောက်ပံ့ခြင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် ခရိုင်နှင့် မြို့နယ်တို့မှ ရုံးဝန်ထမ်းများ၏ သားသမီးစုစုပေါင်း(၇)ဦးအား ပညာသင်ထောက်ပံ့စရိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)