မောက်မယ် ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဂေါ်ဒန်ကျောက်တွင်းကွင်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာကုမ္ပဏီ တာဝန်ခံနှင့် ဟိုနမ့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့သည် ဟိုနမ့်ကျေးရွာအုပ်စု၊ ပူယာစန်းကျေးရွာ အနောက်ဘက်ရှိ မြေဧရိယာ(၁၉.၅)ဧကစီကျယ်ဝန်းသော လုပ်ကွက်(၂)တို့တွင် ဦးခွန်သန်းထူး၏ “အောင်ဆုဗွေ” ကုမ္ပဏီလီမိတက်မှ ဂေါ်ဒန်ကျောက် (စက်မှုတွင်းထွက်ကုန်ကြမ်း) စမ်းသပ်တိုင်းတာခွင့်မှ ထုတ်လုပ်ခွင့်ကူးပြောင်းနိုင်ရေးအတွက် လျှောက်ထားသည့် လုပ်ကွက်မြေနေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)