ရပ်စောက်မြို့နယ် ကျောက်တော‌‌ခေတ်မီစံပြကျေးရွာ၌ အသိပညာပေးအခမ်းအနားပြုလုပ်

ရပ်စောက် ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တော‌ခေတ်မီစံပြကျေးရွာ၌ အသိပညာပေးဟောပြောပွဲအခမ်းအနားကို အဆိုပါကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က အဖွင့်အမှာစကားပြေားကြားသည်။ ထို့နောက်မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဝင်းပပနှင့်အဖွဲ့များက ကျန်းမာရေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်မျိုးအောင်က ကျား/မရေးရာကိစ္စရပ်နှင့်ပတ်သက်သည့်အကြောင်းအရာများ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဇော်က တိရစ္ဆာန်ကူးစက်ရောဂါတားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးနှင့်အဖွဲ့များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာသူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်