တာချီလိတ်မြို့၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

တာချီလိတ် ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေအပါအဝင် ပြည်တွင်းအခွန်များဦးစီးဌာနက စည်းကြပ်ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်နှင့်မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။  

ရှင်းလင်းဆွေးနွေးပွဲတွင် တာချီလိတ်မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဝေလှိုင်ဦးက အခွန်ဆိုင်ရာသိသင့်သိထိုက် သည်များနှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကို  အသိပညာပေးရှင်း လင်းဆွေးနွေးပြီး အခွန်ထမ်းပြည်သူများသိလိုသည့် မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားပေးသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ လုပ်ငန်းရှင်အခွန်ထမ်းပြည်သူ ၆၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)