မိုးနဲ ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာဇင်မီဟန်နှင့် ဝန်ထမ်းများပူးပေါင်းကာ အသက် ၁၈ နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသူများ၊ နောက်ဆုံးအကြိမ် ထိုးနှံမူကာလ(၆)လပြည့်ပြီးသူများ၊ အသက် (၇၅)နှစ် အထက်ရှိသူများ၊ အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက် (၅၀)နှစ်အထက် ရှိသူများ၊ နောက်ဆုံးအကြိမ်ထိုးနှံပေးမှုကာလ (၁)နှစ်ပြည့်ပြီးသောသူများ၊ အသက် (၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက် (၁၈)နှစ်အထက် ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးတစ်လုံးလျှင် ၇ ယောက်နှုန်းဖြင့် ယနေ့တွင် (၇၀) ဦးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုးနှံနေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ လာရောက်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံလိုက်ခြင်းကြောင်း မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေသည့် အပြင် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။
ဇင်ကိုကို(ပြန်/ဆက်)