မိုင်းဖြတ်၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မိုင်းဖြတ် ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)မှ ခေတ္တဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ခေတ္တဌာနခွဲ တာဝန်ခံ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် (ဝမ်ဟွေ) ရပ်ကွက် မြို့တွင်းတိုးချဲ့ရေဖြန့် ဝေရေးပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဖြစ်သည့် ခန့်မှန်းကုန်ကျငွေကျပ် (၁၄.၇)ကျပ်သန်းဖြင့် ၁၇၅၀ ပေရှိ (PVC)ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ခန့်မှန်းကုန်ကျငွေ (၁၉.၈) ကျပ်သန်းဖြင့် အလျား ၂၈ ပေ၊ အနံ ၂၀ ပေ အတိုင်းအတာရှိ ဝက်သားသတ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့က လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး လုပ်ငန်းလိုအပ်သည်များကို မှာကြား၍ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများကိုအချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)