မူဆယ်၌ အမှတ်(၄) အခြေခံပညာမူလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

မူဆယ် ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ အမှတ်(၄)၊ အခြေခံပညာမူလွန်ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောတွင် အမှတ် (၄) အခြေခံပညာမူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်ဒွဲက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက လူငယ်နှင့်အကြောင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က စာအုပ်စာပေဖတ်ရှုခြင်း၏ကောင်းကျိုးများနှင့် စာပေဖတ်ရှုဖို့ လိုအပ်ကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး(ကွတ်ခိုင်) ဒေါ်ဆိုင်းမိုင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအချက်များကို လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူ ၁၃၀ ဦးခန့်မှ စိတ်ပါဝင်စားစွာ နားထောင်ကြပြီး ပြန်လည်မေးမြန်းမှုများရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင့်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေထားသည့် ချယ်ရီမြေလက်ကမ်းစာစောင်များကို အသိပညာပေးဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအမျိုးအစားများ ဓာတ်ပုံမှတ်တမ်းများ၊ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်မျိုးစုံကို ကျောင်းသား/ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)