ရှမ်းပြည်နယ်

ပင်လောင်းမြို့ ကျက်သရေဆောင် နယ်လုံးဆိုင်ရာ မွေတော်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူ‌ဇော်ခြင်းအလှူမင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ကျက်သရေဆောင် နယ်လုံးဆိုင်ရာ မွေတော်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူ‌ဇော်ခြင်းအလှူမင်္ဂလာအခမ်းအနားကို အဆိုပါ စေတီတော်၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကကျင်းပရာ စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပန်းရထားယာဉ်ပေါ်သို့ ပင့်ဆောင်တော်မူပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား တင်လှူပူဇော်ခဲ့သည်။

ကလောမြို့နယ်၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုခဲ့ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား ခရိုင်အမျိုးသမီးကော်မတီဝင်များသို့ အသိပညာပေးခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား ခရိုင်အမျိုးသမီးကော်မတီဝင်များသို့ အသိပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းဆတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၁) လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ ဒေသခံပြည်သူများ ရာသီမရွေးဆက်သွယ်သွားလာရေး လွယ်ကူစေရန်အတွက် အရှည်လမ်းပေ ၈၉၀၊ အကျယ် ၁၃ ပေရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မယ်ခေါင် (၁) လမ်းတွင် ကျင်းပသည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြို ကျပန်းစကားပြောနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

လင်းခေးမြို့နယ် (၄၉)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းအောင်ပွဲနှင့် (၂၅)ကြိမ်မြောက်ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ (၄၉) ကြိမ်မြောက် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် (၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့၊ မဟာမြတ်မုနိဘုရားကျောင်းတော် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ်(ပဉ္စမကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် သီရိမင်္ဂလာဓမ္မစကူးလ် (ပဉ္စမကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်း၌ ကျင်းပခဲ့ပါသည်။

ရပ်စောက်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင်အညီ သန့်ရှင်းသပ်ရပ်သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက တောင်ကွက်သစ်ရပ်ကွက်ရှိ အင်းခေါင်းကန် ကန်ပတ်လမ်းတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်