ရှမ်းပြည်နယ်

နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ပေါ် ရပ်ကွက်များမှကာကွယ်ဆေးထိုးနှံရန်အကြုံးဝင်သည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

မိုးနဲမြို့နယ် အမှတ်(၁၈)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၈)အခြေခံပညာမူလတန်း (လွန်)စက်တော်ကျောင်း၌ ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာ‌ပေးဟောပြာပွဲ ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအခမ်းအနားကို မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၁)၊ ပညာအားမန်ခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးစပါးလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက နမ့်ကုန်းကျေးရွာအုပ်စု၊ ဟောင်ဟင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။    

ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၇) ကြိမ်မြောက် ဝါဆိုသင်္ကန်ကပ်လှူပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဘုရားအမှူးရှိသော သင်္ဃာတော်အရှင်သူမြတ်တို့အား မိုးတွင်းကာလတွင် အသုံးပြုအပ်သော ဝဿာဝါသိက ဝါဆိုသင်္ကန်းဆက်ကက်လှူဒါန်းပွဲကို ယနေ့ နံနက် ၆ နာရီက  ကျင်းပပြုလုပ်သည်။

လဲချားမြို့ အ‌ခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်)သို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား/ကျောင်းသူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီက mobile libraryစနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့​သည်။

ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျိုင်းတုံဒေသအနီးဝန်းကျင်မှ ဒေသခံပြည်သူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(သွားကျန်းမာ)ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ညောင်ရွှေမြို့နယ်အတွင်း သီးနှံများရေကြီးနစ်မြှပ်ခြင်းကြောင့် ထိခိုက်၊ ပျက်စီးမှုအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ သီးနှံများရေကြီးနစ်မြှပ်ခြင်းကြောင့် ထိခိုက်၊ ပျက်စီးမှုအတွက် တောင်သူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ညောင်‌ရွှေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့၌ ယာစပါးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ပေါင်းလိုက်မြေဩဇာထည့်သွင်းမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာတွင် မိုးစပါး(ယာ)အထွက်ကောင်းမျိုးများဖြစ်သည့်(အောင်နိုင်တိုး၊ DU-16၊ ရွှေရင်အေးမျိုး)၊ ဒေသမျိုးများဖြင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်‌ဆောင်ရွက်မှု၊ ယာစပါးမျိုးသန့်ပွား စိုက်ခင်းဆောင်ရွက်ထားရှိမှု၊ ယာစပါးစမ်းသပ်ကွက်နှင့် စံပြကွက်များ ပေါင်းလိုက်၊ မြေဩဇာကျွေးခြင်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းမြို့မ‌ဈေး၌ ဈေးသူ၊ ဈေးသားများအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေး ဈေးကောင်းရုံး၌ မြို့နယ်စည်ပင်ဌာနရေးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးဌာနဝန်ထမ်းများပူးပေါင်း၍ Covid-19 ရောဂါကာကွယ်ဆေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာရောက်သူများအား ထိုးနှံပေးလျက်ရှိသည်။
Subscribe to ရှမ်းပြည်နယ်