ရပ်စောက် ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင်အညီ သန့်ရှင်းသပ်ရပ်သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက တောင်ကွက်သစ်ရပ်ကွက်ရှိ အင်းခေါင်းကန် ကန်ပတ်လမ်းတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြသည်။
အင်းခေါင်းကန်သည် ရပ်စောက်မြို့အား အဓိကသောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ရေထွက်ကန်ကြီးတစ်ခုဖြစ်ပြီး အဆိုပါကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပေါင်း၍ အင်းခေါင်းရေကန်ဘေးပတ်လည်ရှိ သစ်ပင်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေးစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များ ဆယ်ယူခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များအား ကောက်ယူ၍ အမှိုက်ကားဖြင့်စနစ်တကျ သိမ်းဆည်းခြင်းများဆောင်ရွက် ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများကို ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်