ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pizer) အခမဲ့ထိုးနှံပေးလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင်လ ၈ ရက်နေ့ နံနက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။