ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့တတ်သော အလေ့အထ ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က  ကျောင်းသား/သူ များသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးအကြောင်းအရာများကိုလည်းကျောင်း၊ ဦးစီးအရာ ဦးစိုင်းရွှေအောင်နှင့် ကျိုင်းတုံမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချယ်ရီဦးတို့က ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာများကိုလည်းကောင်း  ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဓာတ်ပုံများပြသခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)