တာလေမြို့တွင် အသက် (၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

တာလေ ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းဆောင်ရွက်မှုကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ တာလေမြို့၊ အမှတ်(၃) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် တာလေမြို့တိုက်နယ်ဆေးရုံမှ အမျိုးသမီးနှင့်ကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစား (COMIRNATY JN.1) ဆေးတစ်ဗူးလျှင် (၆)ဦးနှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူစုစုပေါင်း (၂၄၆)ဦးကို ထိုးနှံပေးခဲ့ကြကြောင်းနှင့် တာလေမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုတွင်လည်း သက်ဆိုင်ရာစုရပ်အသီးသီးတွင် သတ်မှတ်ရက်များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)