ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တောင်ကြီးမြို့နယ်၊ ကျောက်နီမွေးမြူရေးဇုန်တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ကျောက်နီမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။