ရှမ်းပြည်နယ်

မိုင်းဖြတ်မြို့နယ်၌ ကျေးရွာများသို့ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွားနှင့်ဆိတ်များ (အခမဲ့) ဖြန့်ဖြူးပေးအပ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေ၊ မွေးမြူရေးဘဏ်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် မျိုးကောင်းမျိုးသန့် ဒေသနွားနှင့်ဆိတ်များ (အခမဲ့) ဖြန့်ဖြူးပေးအပ်ခြင်းကို စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ဆွပ်ပန်းကျေးရွာ၌လည်းကောင်း၊ ဟိုနားစောမွန်ကျေးရွာ၌ လည်းကောင်းပေးအပ်ခဲ့သည်။ ရှေးဦးစွာ မျိုးကောင်းမျိူသန့် ဒေသနွားမများ ဖြန့်ဖြူးပေးအပ်ပွဲကို ဆွပ်ပန်းကျေးရွာ၌ ကျင်းပရာ တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေးနှင့် လုပ်ငန်းများပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မောက်မယ်မြို့နယ်ရှိ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး HPV နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး DT အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက စတင်ပြီး အခြေခံပညာကျောင်းများတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

​​​​​​​ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြုအသင်း စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ (၂၆) ရက်၊ နံနက် (၁၀) နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများ စခန်းသွင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာပြိုင်ပွဲဝင်ရောက်ယှဥ်မည့် အသင်းကိုယ်စား ကဗျာလွတ်အဖွဲ့မှ လက်ခံရယူကြသည်။      

ပင်လောင်းမြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ လဲချားမြို့‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့သို့‌ ရောက်ရှိပြီး မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇနခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မက်မန်းမြို့တွင် RSV အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် RSV အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ ကွန်ဟောင်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မူဆယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဟိုမွန်ရပ်ကွက်၊ ကချင်စာပေယဉ်ကျေးမှုရုံး (မနောကွင်း)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ဝင်ငွေရ နှစ်ရှည်သီးနှံပျိုးပင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နာ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပျိုးဥယျာဉ်အတွင်း ‌ဝင်ငွေရ နှစ်ရှည်သီးနှံပင်များ ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်