မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း အမှတ်(၁) အခြေခံပညာအလယ်တန်းမြို့မကျောင်း၌ နံနက် ၉ နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။