အမ်းမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအတွက် အဆောက်အအုံစာရင်း တင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမ်း ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် အဆောက်အအုံစာရင်း တင်ခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ် လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ယနေ့ နံနက်ပိုင်းက ဈေးရပ်ကွက်သို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ထိုသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ဦးဆောင်၍ ဝန်ထမ်းများက ဈေးရပ်ကွက်၌ စတင်ပြီး လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် အဆောက်အအုံ စာရင်းတင်ခြင်း လုပ်ငန်းကို Google Map အသုံးပြု၍ အဆောက်အအုံများ‌ပေါ် တွင် Lat,lon များထောက်ပြီး စာရင်းတင်ခြင်း အဆောက်အအုံစာရင်း Tablet စာရွက်တွင် ဖြည့်သွင်းကောက်ယူခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ရာ ဖေဖော် ဝါရီ ၂ ရက် နေ့၌ အဆောက်အအုံပေါင်း(၂၀၂)လုံး၊ လူနေအ ဆောက်အအုံပေါင်း(၁၆၁)လုံး၊ လူမနေအဆောက်အအုံပေါင်း (၄၁)လုံး၊ အထစ(၁၆၀)၊ ကျား (၂၈၀)ဦး၊ မ(၃၃၀)ဦး ဆောင်ရွက်ပြီးစီးကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်နေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)