ကလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း/ ဆွေးနွေးပွဲ ကျင်းပ

ကလော မတ် ၂၁

ကလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး အဆင့်အတန်းကိုမြှင့်တင်ရန်၊ ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့်ညီညွှတ်သည့် လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းမှတဆင့် တစ်မျိုးသားလုံး ကျန်းမာရေးအဆင့် မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း/ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သခင်ကိုယ်တော်မှိုင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးဌာန ဦးစီးအရာရှိ ဒေါက်တာစောမြတ်သစ္စာက ကျောင်းကျန်းမာရေးရည်ရွယ်ချက်၊ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပို့ချပေးလျက်ရှိသည်။ အဆိုပါသင်တန်းဆွေးနွေးပွဲတွင် ကလောမြို့နယ်ရှိ သင်တန်းသား၊ သူ၊ ကျောင်းဆရာ၊ ဆရာမ ၄၀၄ ဦးကို နည်းပြ ၄ ဦးဖြင့် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ ၂ ရက်အကြာ သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)