ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး ဆောင်ရွက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးသတ်ဦးစီးဌာနမှ မီးလောင်မှု မရှိစေရေးအတွက် စာသင်ကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌ ၂၀၂၂ခုနှစ်မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေး

သံတွဲမြို့၌ ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မြောက်ဦးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာဖြေဌာနများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှု အခြေအနေတို့ကို တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်၌ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် အတွက်စာစစ်ဌာန (၄)ခုသို့သွားရောက်ပြီး စာမေးပွဲဖြေဆိုမည့် အခန်းများ ပြင်ဆင်ထားရှိမှုနှင့် လုံ ခြုံမှုရှိ/မရှိ တို့ကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့၌ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများအား မီးဘေး လုံခြုံရေး စစ်ဆေးခြင်းကို ပြန်လည်လက်ခံရေးစခန်း မီးသတ်ဦးစီးဌာနနှင့် နယ်မြေခံရဲစခန်း မှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါက်တော၌ စိုက်ပျိုးရေးဦးဌာနမှ ပိုးသတ်ဆေးများကို စနစ်တကျကိုင်တွယ်သုံးစွဲရေးနှင့် ပတ်သက်သည့် တောင်သူပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပိုးသတ်ဆေးနှင့် စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး၊ စားသုံးရေးရာ အကာအကွယ်ပေးရေး၊ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ် သုံးစွဲရေးနှင့် ပတ်သက်သည့် တောင်သူပညာပေး သင်တန်းကို ပေါက်တောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့နယ် အနောက်ရဲ IDPစခန်း၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အဋ္ဌမအသုတ် (ပထမ)အကြိမ်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲIDP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin)ကို ယမန်နေ့နံနက် (၁၀)နာရီက ထိုးနှံခဲ့ကြောင်းသိရသည်။

ကျိန္တလီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် လူငယ်အခန်းကဏ္ဍမြှင့်တင်ရေး အစီအစဉ်အရ ဒေသအဆင့်ရာသီဉတုပြောင်းလဲမှု ခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည် တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် လူငယ်အခန်းကဏ္ဍ မြှင့်တင်ရေးအစီအစဉ်အရ ဒေသအဆင့်ရာသီဉတု ပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

မြောက်ဦးခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေးကြိုတင် စစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှုမရှိစေရေးအတွက် စာသင်ကျောင်းများသို့ သွားရောက်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

ရသေ့တောင်မြို့နယ်၌ ၂၀၂၂-ခုနှစ်၊မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသည့် ကျောင်းသား/သူများသို့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးခြင်းကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်