မြောက်ဦး မတ် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှုမရှိစေရေးအတွက် စာသင်ကျောင်းများသို့ သွားရောက်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးလှဝင်း ဦးဆောင်သောအဖွဲ့မှ စာစစ်ဌာနများတွင် မီးဘေးအန္တ ရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ မီးချိတ်၊မီးကပ်၊ သဲအိတ်၊ မီးသတ်ဆေးဘူး များ မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိစေရေး၊ ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများကို အသုံးမပြုကြရန်စသည်တို့ကို စစ်ဆေးခဲ့ကြပြီး ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံခဲ့ကြ၍ ဆောင်ရန်ရှောင်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြောက်ဦးမြို့နယ်အတွင်းရှိ အ.ထ.က (၁) ၊ အ.ထ.က (၂)၊ အ.ထ.က (ခွဲ) လ(၁) ၊ အ.ထ.က (ခွဲ) လ (၃) တို့ကို သွားရောက်ပြီး မီးဘေးလုံခြုံရေးကြိုတင် စစ်ဆေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)